တောင်ကြီးမြို့ပေါ်မှ စားသောက်ရေး ခက်ခဲ‌နေသူများကို ဆန်၊ ကြက်ဥနှင့် အသီးအရွက်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်မှ စားသောက်ရေး ခက်ခဲ‌နေသူများကို ဆန်၊ ကြက်ဥနှင့် အသီးအရွက်များ လှူဒါန်း



.
တောင်ကြီးမြို့ပေါ်မှ စားသောက်ရေး ခက်ခဲနေသည့် အိမ်ထောင်စုများကို Ko Kyaw Paint Group မှ စေတနာရှင် လူငယ်များက ဆန်၊ ကြက်ဥနှင့် အသီးအရွက်များကို ယနေ့ ဩဂုတ်လ ၃ ရက်တွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" တခြား ဘာ ရည်ရွယ်ချက်မှ မရှိပါဘူးဗျ။ COVID-19 ကာလ အတွင်း အလုပ်လက်မဲ့ တွေ အများကြီး၊ စာရေးသောက်ရေး၊ အရမ်းခက်ခဲကြတယ်ဗျ။ တချို့ဆို မိသာစုများပြီး အလုပ် မရှိကြလို့ ဖြစ်သလို စားသောက်နေကြရတယ်။တခြား တတ်နိုင်သူတွေလည်း လှူချင်တယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်။" ဟု လှူဒါန်းမှုများ ပြုလုပ်ရာတွင် ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။
.



တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ကံသာရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်မှ အိမ်ထောင်စု ၆၀ အတွက် တစ်အိမ်ထောင်လျင် ဆန်တစ်ပြည်၊ ကြက်ဥ ၅ လုံးနှင့် အသီးအရွက်များကို စေတနာရှင် လူငယ်များက COVID-19 စည်းကမ်းများနှင့် အညီ အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ် အတွင်း၌ အစားအသောက်နှင့် ဆေးဝါး အကူအညီ လိုအပ်ကြောင်း အလံထောင် အကူအညီ တောင်းခံမှုများ ရှိလာပြီး နောက်ပိုင်း ယင်းကဲ့သို့ ပြည်သူမှ ပြည်သူသို့ လှူဒါန်းမှုများ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

Journal Download

Photo of three cats