တောင်ကြီးမြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်ချက် ရှိသူများအနေဖြင့် တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်း သို့ ဆက်သွယ်နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်ချက် ရှိသူများအနေဖြင့် တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်း သို့ ဆက်သွယ်နိုင်

.

တောင်ကြီးမြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်ချက်ရှိသူများအနေဖြင့် တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်း သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး တတ်နိုင်သမျှ အောက်စီဂျင်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

.

အခုလောလောဆယ်မှာ အောက်စီဂျင် လိုအပ်ချက်ရှိတဲ့သူတွေ ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားပေးနေတယ်။ ကျွန်တော်တို့အဖွဲ့တွေနဲ့ ရှမ်းတောင်ပရဟိကွန်ရက်ကလည်း လုပ်ပေးနေတယ်။ အရေးပေါ်လိုအပ်ရင် ကျွန်တော်တို့ ဆီကို မဖြစ်မနေ ဆက်သွယ်ပါ” ဟု တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်းမှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်းအနေဖြင့် လက်ရှိတွင် ‌အောက်စီဂျင်ရရှိရေးအတွက် နမ့်စန်မြို့ရှိ အောက်စီဂျင် စက်ရုံ၌ အောက်စီဂျင်အိုးများကို သွားရောက်ဖြည့်တင်းပြီး တောင်ကြီးမြို့နယ်အတွင်းရှိ အောက်စီဂျင် လိုအပ်ချက်ရှိသူများကို ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ‌တောင်ကြီးမြို့နယ်အတွင်းမှ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် ဝယ်ယူထားသည့် အောက်စီဂျင်စက်သည် လာမည့် ဩဂုတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တောင်ကြီးမြို့သို့ ပြန်လည်သယ်ဆောင်ကာ စက်တပ်ဆင် လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးလင်းယုန် လူမှုကူညီရေးအသင်းသည် တောင်ကြီးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ နေအိမ်များ အား ဆေးဖြန်းပေးခြင်း၊ အောက်စီဂျင်အိုးများ ငှားရမ်းပေးခြင်း စသည့်လုပ်ငန်းများအပြင် တောင်ကြီးမြို့၊ တိုင်းရင်းသား ပေါင်းစုံသုဿာန် မီးသင်္ဂြိုဟ်စက်တွင် ကူညီအားဖြည့်လုပ်အားပေးခြင်းတို့ကို အခြားသော ရှမ်းတောင် ပရဟိတအဖွဲ့ အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats