တောင်ကြီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာတွင် ယနေ့ ဩဂုတ်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီ ၃၆ မိနစ်တွင် မြေငလျင် လှုပ်ခတ်သွားကြောင်း သိရသည်။
.
တောင်ကြီးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တောင်ကြီးမြို့၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၉) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
တောင်ကြီးမြို့နယ်၏ မြောက်ဘက်တွင် ရပ်စောက်မြို့နယ် တည်ရှိပြီး ရပ်စောက် ဒေသခံ တစ်ဦးက " ရပ်စောက်မြို့နယ်၊ ပင်ဖြစ်မှာ ငလျင် တော်တော်ပြင်းပြင်း လှုပ်သွားပါတယ်။" ဟု ပြောသည်။
.
#KBZTai #Shan #Yatsouk