ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ယာယီပျံကျဈေးသည်များကို ကျန်းမာရေး ထောက်ခံချက် ပါရှိမှသာ ဈေးရောင်းခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကာကွယ်ရေးအတွက် ဟိုပုံးမြို့ ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များ အနေဖြင့် COVID-19 ရောဂါပိုး ကူးစက် ခံထားရမှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် ကျန်းမာရေးဌာနမှ စစ်ဆေးပြီးကြောင်း ထောက်ခံချက် ပါရှိသူများကိုသာ ဈေးရောင်းချခွင့် ပြုမည် ဖြစ်ကြောင်း ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနက ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ဟိုပုံးမြို့နယ် အတွင်း၌ COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးသူ စုစုပေါင်း ၃၇၀၂ ဦး ရှိပြီး ယင်းစာရင်းတွင် အခြားဝင်ငွေ ရှိသော လုပ်ငန်း လုပ်ကိုင်လိုသူ ၆၃၄ ဦးနှင့် စားသောက်ကုန်ပစ္စည်း ရောင်းချသူ ၅၈၅ ဦးသာ ပါဝင်ပြီး ယာယီပျံကျဈေးသည်များ ပါဝင်ခြင်း ရှိ/မရှိကိုမူ မသိရချေ။