ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ဖမ်းဆီးခံထားရသည့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ကိုမျိုးမင်းသန့် (ခ) သားငယ်သည် ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
.
ကိုမျိုးမင်းသန့် (ခ) သားငယ်သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က တောင်ကြီးမြို့၌ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသူ ဖြစ်ကာ ညောင်ရွှေအကျဉ်းထောင်မှ တဆင့် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။
.
ကွယ်လွန်သူ မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ COVID-19 ဖြင့် ကွယ်လွန်ရသည်ဟု သိရသော်လည်း အတည်ပြုချက် ရရှိရေးအတွက် အကျဉ်းဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
.
ညောင်ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မူလတန်းပြဆရာ ဦးစိုးလွင်လွင် သည်ဩဂုတ်လ ၂၂ ရက်တွင် လည်းကောင်း၊ ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေးသည် သြဂုတ်လ ၂၇ ရက်တွင် လည်းကောင်း ကွယ်လွန်ခဲ့သဖြင့် ဖမ်းဆီးခံထားရစဉ် ကွယ်လွန်သူ ၃ ဦး ရှိပြီ ဖြစ်သည်။
.
#KBZTai #Shan #COVID19 #30August2021