.
တောင်ကြီးမြို့နယ်၊
ဇလဲကျေးရွာအနီးတွင် ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်
ဆေးပြား သိန်း ၂၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၃၁ ရက်နေ့နံနက် ၇
နာရီခွဲအချိန်ခန့်တွင် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း၊
လွယ်တော်ကျေးရွာ အုပ်စု၊ ဇလဲကျေးရွာအနီးတွင် TOYOTA WISH အမျိုးအစားမော်တော်ယာဉ်အား
ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာရှာ ယာဉ်မှာ
လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်သွားသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း
စိုင်းကျော်ဝင်းနှင့် အတူယာဉ်ပေါ်ပါ ပလတ်စတစ်ပေပါ ၂ လုံးအတွင်းမှ
ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ
မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ နန်းမြဦးအား တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ
၎င်း၏နေအိမ်တွင် ယင်းနေ့ နံနက်ပိုင်းက ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါမူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား
ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
.