တောင်ကြီးမြို့မှ လူငယ်များက အေးသာယာရှိ အိမ်ထောင်စု ၁၀၀ အတွက် စားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မှ လူငယ်များက အေးသာယာရှိ အိမ်ထောင်စု ၁၀၀ အတွက် စားသောက်ကုန်များ လှူဒါန်း


တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှ လူငယ်များက ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် အေးသာယာမြို့ရှိ အခြေခံ ပြည်သူများ ဖြစ်ကြသည့် အိမ်ထောင်စု ၁၀၀ အတွက် စားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

.
အေးသာယာမြို့၊ စက်မှုဇုန်၊ ထုံးဖိုတို့မှ အမှန်တကယ် စားသောက်ရေး ခက်ခဲနေသူ အိမ်ထောင်စု ၁၀၀ အတွက် ဆန်၊ ဆား၊ ကြက်သွန်နှင့် အသီးအရွက်များကို အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ပရဟိတအဖွဲ့များ အနေဖြင့် ပြည်သူများအား ပိုမို လှူဒါန်းမှုများ ပြုလုပ်‌စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အေးသာယာမြို့သည် တောင်ကြီးမြို့နယ် အတွင်း၌ ပါဝင်ပြီး စားသောက်ရေး ခက်ခဲနေသူ ပြည်သူအချို့၏ အကူအညီ တောင်းခံမှုကြောင့် ချမ်းမြသာစည် လူငယ်များက ယင်းကဲ့သို့ သွားရောက် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

Journal Download

Photo of three cats