.
ကလောမြို့နယ်၊
အောင်ပန်းမြို့၊ မင်းဂူသုဿာန် မီးသင်္ဂြိုဟ်စက်တွင် ဇူလိုင်လအတွင်း ရုပ်အလောင်း
၁၁၈ ခု အား မီးသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
.
အဆိုပါ
သေဆုံးသူများတွင် COVID-19
Positive ဖြင့် သေဆုံးသူ ၅၅ ဦး၊ COVID-19 သံသယဖြင့် သေဆုံးသူ ၁၈ ဦးနှင့် သာမန်
ရောဂါဖြင့် သေဆုံးသူ၄၅ ဦး ပါဝင်ကြောင်း အောင်ပန်း နာရေးကူညီမှုအသင်းမှ သိရသည်။
.
“ကျွန်တော်တို့က
မှတ်တမ်းလုပ်ထားပေးတာပေါ့။ အရင်ကနဲ့စာရင်တော့ မီးသင်္ဂြိုဟ်ရတာ တော်တော်လေး
များလာပါတယ်။ အခုလို များလာတဲ့အတွက် အခက်အခဲ လည်း နည်းနည်းတော့ ရှိတာပေါ့။ ဒါပေမဲ့
အဆင်ပြေအောင်တော့ ကျွန်တော်တို့ လုပ်ထားပါတယ်” ဟု နာရေးကူညီမှု အသင်း အောင်ပန်းမှ
ဦးစိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့၊
မင်းဂူသုဿာန်တွင် ယခင်က ပျှမ်းမျှအားဖြင့် Dead Body ၃၀ မှ ၃၅ ခုခန့် မီးသင်္ဂြိုဟ်ပေးခဲ့ရပြီး COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လအတွင်း
သေဆုံးသူအရေအတွက် များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
.