အိမ်/အခန်း ငှားရမ်းခများ ဖြေလျှော့ပေးရန် အိမ်ငှားနေထိုင်သူများ မျှော်လင့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အိမ်/အခန်း ငှားရမ်းခများ ဖြေလျှော့ပေးရန် အိမ်ငှားနေထိုင်သူများ မျှော်လင့်နေ

.

Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်တွင် လုပ်ငန်းများအားလုံးနီးပါး ရပ်နားနေရသည့်အတွက် အိမ်ခန်းအငှား နေထိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး အိမ်/အခန်း ငှားရမ်းခ ဖြေလျှော့ ပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

.

.

“အလုပ်တွေက အကုန်နားထားရတော့ စားဝတ်နေရေး အကုန်လုံး ခက်ခဲနေကြပါတယ်။ ကျွန်တော်တို့လို အိမ်ခန်း အငှားနေထိုင်သူတွေအတွက်တော့ စားဖို့အပြင် လစဉ် အိမ်ခန်းငှားခပေးဖို့ကို တော်တော်လေး အခက်အခဲဖြစ်နေကြ ပါတယ်။ တချို့တွေလည်း အလံထောင်ပြီး အကူအညီတောင်းတာတွေလည်း ရှိနေပါတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် အိမ်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ အခြား ဒေသခံတစ်ဦးကလည်း “အခြေခံလူတန်းစား တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေအတွက် အလုပ် ထွက်မလုပ်နိုင်တော့ တော်တော် လေး အခက်အခဲဖြစ်ပါတယ်။ စားဖို့တောင် အနိူင်နိုင်ဖြစ်နေတာ၊ အိမ်ခန်းလစာပေးဖို့ဆိုတာ မစဉ်းစားရဲအောင်ပါပဲ။ တချို့ အိမ်ရှင်တွေကတော့ နားလည်မှုပေးပြီး စောင့်ပေးတာ ရှိပေမဲ့ တချို့ကျတော့ မရဘူး။ အိမ်ငှားနေသူတွေ အတွက် တော်တော်လေးကို အခက်အခဲ ဖြစ်နေတာပါ” ဟု ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ပြီးခဲ့သည့် COVID-19 ဒုတိယလှိုင်းကာလက အိမ်ခန်းငှားခများကို သတ်မှတ်ကာအထိ လျှော့ပေါ့ကောက်ခံပေးရန် သက်ဆိုင်ရာမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ဖူးပြီး လတ်တလော တောင်ကြီး မြို့တွင်လည်း ယင်းကဲ့သို့ ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်း အိမ်ခန်းအငှား နေထိုင်သူများထံက သိရသည်။

.

တောင်ကြီးမြို့ပေါ်တွင် အိမ်ခန်းငှားခများမှာ ၅ သောင်းမှ ၃ သိန်ကျပ်ခန့်အထိ ပေါက်ဈေးရှိပြီ တည်နေရာနှင့် လမ်း ကောင်းမွန်မှု၊ ရေမီးရရှိမှုတို့အပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်တွင် အိမ်ခြေ ၂၂၇၄၅ အိမ်၊ ၃၀၀၀၆ စုရှိပြီး မြို့၏အနောက်ဘက်ခြမ်း ရပ်ကွက်များတွင် လက်လုပ်လက်စား အခြေခံပြည်သူများ၊ အခန်းငှားနေထိုင်သူများ ပိုမိုများပြားကြောင်း သိရသည်။

.

Journal Download

Photo of three cats