“ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါတီမှ နုတ်ထွက်စာတင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါတီမှ နုတ်ထွက်စာတင်ထား

.

“ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဆိုင်ပေါင်းနပ်သည် ဩဂုတ်လ ၁၁ ရက်တွင် ၎င်း၏သဘောဆန္ဒအလောက် ပါတီ ဗဟိုကော်မတီဝင်၊ ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားသည်ဟု သိရသည်။

.

.

“ကျွန်တော့်အနေနဲ့က နိုင်ငံရေးမှာ လုပ်လာတာလည်း နှစ်ပေါင်း ၅၀ လောက် ရှိနေပြီ။ ဒီတော့ ကျွန်တော့် မိသားစု လည်း ငြီးငွေ့လာပြီ၊ ကျွန်တော် အေးအေးဆေးဆေး နေနိုင်အောင်ပေါ့။ နောက်တစ်ချက်ကတော့ လူငယ်၊ လူလတ်တွေ နိုင်ငံအရေးအတွက် လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်သွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ နုတ်ထွက်တာ ဖြစ်ပါတယ်” ဟု ဦးဆိုင်ပေါင်းနပ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဦးဆိုင်ပေါင်းနပ်အနေဖြင့် ၎င်း၏ နုတ်ထွက်စာကို ဩဂုတ်လ ၁၁ ရက်က “ဝ” အမျိုးသားပါတီ နာယက၊ ဒုတိယဥက္ကဋ္ဌ များနှင့် “ဝ” အမျိုးသားပါတီအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြထားပြီး လတ်တလောတွင် ပါတီအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားကို မသိရှိရသေးကြောင်း သိရသည်။

.

ဦးဆိုင်ပေါင်းနပ်သည် ပထမအကြိမ် လွှတ်တော်တွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

.

#KBZTai #Shan #Lashio #WNP

.

Journal Download

Photo of three cats