တာချီလိတ်မြို့ရှိ မြို့နယ်စည်ပင်သာယာရေးဌာန ရုံးရှေ့တွင် ယမန်နေ့ ဩဂုတ်လ ၂၇ ရက်၊ ည ၁၀ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် CCTV မှတ်တမ်းအရ ဗုံးခွဲသူ စီးလာသည့် ဆိုင်ကယ်နှင့် တူသည်ဟု ဆိုကာ လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်းလည်း သိရသည်။
.
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ စည်ပင်ရုံးသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကညနရုံး၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်ရုံး၊ ယာဉ်ထိန်းရဲရုံးတို့နှင့် နီးသည့်နေရာတွင် တည်ရှိကာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #Tachileik #News