တောင်ကြီးမြို့၊ ဘုရားကြီးမြောက်ကျောင်းနှင့် အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နှင့် စားနပ်ရိက္ခာများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဘုရားကြီးမြောက်ကျောင်းနှင့် အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နှင့် စားနပ်ရိက္ခာများ လှူဒါန်း

.

တောင်ကြီးမြို့၊ ဘုရားကြီးမြောက်ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် ချမ်းမြသာစည်၊ ရတနာသီရိ၊ ရွှေသူဌေးကုန်း ရပ်ကွက်များမှ အိမ်ထောင်စု ၁၀၀ ကျော်တို့အတွက် Ko Kyaw Paint Group လူငယ်အဖွဲ့မှ ဆန်နှင့် စားသောက်ဖွယ်ရာ များကို ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီနှင့် ဟင်းသီးဟင်းရွက် များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ပိုတဲ့သူလှူ၊ လိုတဲ့သူယူ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အလှူရှင်တစ်ဦးစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အိုဗာတင်းကမ္ပဏီနဲ့ အတူ ပူးပေါင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက ပြောသည်။

.

Ko Kyaw Paint Group လူငယ်များအဖွဲ့ အနေဖြင့် တောင်ကြီးမြို့တွင် ယင်းးကဲ့သို့ လှူဒါန်းမှုမျာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ယခင်ကလည်း အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်နှင့် စားနပ်ရိက္ခာများ ၃ ကြိမ်တိုင် သွားရောက်လှူဒါန်းပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats