လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင် - တောင်ကြီး ကားလမ်းတွင် ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ဩဂုတ်လ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

.
ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီး ကားလမ်း၊ ဟိုတင့်ကျေးရွာ အနီးတွင် လွိုင်လင်မှ တောင်ကြီးသို့ ယာဉ်မောင်း စိုင်းလောဝ်လိုင်း(ခ) အိုက်လောဝ် မောင်းနှင်ပြီး စိုင်းလိန်(ခ) အိုက်လိန် လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်အား ရှာဖွေရာ ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၃ ဒသမ ၉၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
၎င်းတို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် ကျင်းထန်(ခ) ရှီကျင်းထန်၊ ရန်ကျုံးဝေ(ခ) အားဝေ တို့အား Toyota Hilux မော်တော်ယာဉ်နှင့်အတူ တောင်ကြီးမြို့နယ်၊ ၄ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့‌ကြောင်းလည်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။
.
#KBZTai  #Shan  #Loilem  #News

Journal Download

Photo of three cats