အများပြည်သူ အလုပ်ပိတ်ရက်ကို စက်တင်ဘာလ ၁၀ ရက်အထိ တိုးမြှင့် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အများပြည်သူ အလုပ်ပိတ်ရက်ကို စက်တင်ဘာလ ၁၀ ရက်အထိ တိုးမြှင့် သတ်မှတ်



အများပြည်သူ အလုပ်ပိတ်ရက်ကို စက်တင်ဘာလ ၁၀ ရက် အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

.

COVID-19 ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ်နိုင်ရန်အတွက် ထိုသို့ တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ပြီး ယင်းအလုပ် ပိတ်ရက်များအတွင်း ဗဟိုဘဏ်နှင့် အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အခြေခံပညာ စာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများကိုလည်း စက်တင်ဘာဘာ ၁၀ ရက်အထိ ဆက်လက် ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်း အတွင်း ဩဂုတ်လ ၃၀ ရက် အထိ COVID-19 ပိုးရှိသူ အတည်ပြုလူနာ ၃၉၅၈၈၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံ ဆင်းခွင့်ရသူ ၃၄၈၆၈၂ ဦးနှင့် သေဆုံးသူ ၁၅၂၈၇ ဦး ရှိကြောင်း သိရသည်။
.
#KBZTai  #Shan #30August2021

Journal Download

Photo of three cats