ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ပိုင်ရှင်မဲ့ ဖမ်းမိ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ဩဂုတ်လ ၄ ရက်က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

.

ကျိုင်းတုံ - ဝမ်တာပုံသွား ကားလမ်းပေါ် (၁၃)မိုင်အနီးတွင် ဝမ်တာပုံဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က ရပ်တန့်ခိုင်းစဉ် ယာဉ်မှာ ရပ်တန့်မပေးဘဲ လမ်းဘေး လယ်ကွင်းအတွင်းသို့ မောင်းနှင်သွားပြီးနောက် ယာဉ်မောင်းမှာ မော်တော်ယာဉ်ကို ထားခဲ့ပြီး ထွက်ပြေးသွားခြင်း ဖြစ်ကာ ကျန်ရစ်သည့် ယာဉ်အား စစ်ဆေးစဉ် မူးယစ်ဆေးများကို တွေ့ရှိ၍ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ‌သော မူးယစ်ဆေးများမှာ ကာလတန်ဖိုးငွေ ကျပ် ၂၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် ICE ( Methamphetamine ) ၁၁၁၃ ကီလို ရှိကြောင်း သိရသည်။

.

ယင်းကဲ့သို့ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats