တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ ယနေ့ သြဂုတ်လ ၁၁ ရက်၊ နံနက် ၆ နာရီခွဲခန့်က မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှု များခြင်းကြောင့် လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲအောက်ကျေးရွာနှင့် ဝမ်တုံကျေးရွာအကြား တာလေ- ကျိုင်းလပ်သွား ကားလမ်းမကြီး (ကီလိုမီတာ ၁၃-၁၄ အကြား)ရှိ အကျယ် ၃၀ ပေ၊ အရှည် ၅ ပေခန့် ရှိသော တံတားအမှတ် ၁/၁၄ မှာ မိုးရွာသွန်းမှု များပြား၍ ရေစီးဆင်းမှု များခြင်းကြောင့် ၃ ပေခန့် လမ်း ကျွံကျမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
◾ကျော်ဇေယျာလင်း (ကျိုင်းလပ်)
.
#KBZTai #Shan #Kyainglat