.
ပုဒ်မ ၅၀၅ အပါအဝင်
ပုဒ်မအသီးသီးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် အချို့အား ယနေ့
ပြန်လွှတ်ပေးခဲ့ရာ ရှမ်းပြည်နယ်မှ ၂ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရသည်။
.
.“ကျွန်တော်
သိသလောက်ကတော့ ညောင်ရွှေထောင်က ထွေအုပ်စာရေးတစ်ဦးနဲ့ လားရှိုးအကျဉ်းထောင်က
ဘဏ်စာရေးတစ်ဦး၊ စုစုပေါင်း ၂ ဦးပဲ ပြန်လွတ်ပါတယ်” ဟု ရှမ်းပြည်နယ်
အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
.
ရှမ်းပြည်နယ်
တစ်ခုလုံးတွင် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသည့်
ကျောင်းသားများ၊ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သတင်းမီဒီယာသမားများ၊ အရပ်ဘက်
အဖွဲ့အစည်းဝင်များ၊ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများ စုစုပေါင်း ၃၀၀ ဦး
ဝန်းကျင်ခန့် ရှိပြီး ယင်း အရေအတွက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနက်
စတုတ္ထ အများဆုံး ဖြစ်သည်။
.
ပြီးခဲ့သည့် ဇွန်လ
၃၀ ရက်က ပြန်လည်စေလွှတ် ပေးခဲ့သူ ၂၂၉၆ ဦးအနက် ရှမ်းပြည်နယ်မှ ၄၉ ဦး ပါဝင်ခဲ့ပြီး
ယခုတွင် ၂ ဦး ထပ်မံ စေလွှတ်ခဲ့ခြင်းကြောင့် စုစုပေါင်း ၅၁ ဦးသာ ပြန်လည်
လွတ်မြောက်ခဲ့သည်။
.