ကလောမြို့နယ် ပအိုဝ်းလူငယ်အဖွဲ့နှင့် လွယ်မောပအိုဝ်းလူငဘ်ကွန်ရက်တို့ ပူးပေါင်းပြီး အစားအသောက်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ် ပအိုဝ်းလူငယ်အဖွဲ့နှင့် လွယ်မောပအိုဝ်းလူငဘ်ကွန်ရက်တို့ ပူးပေါင်းပြီး အစားအသောက်များ လှူဒါန်း

.

ကလောမြို့နယ် ပအိုဝ်းလူငယ်အဖွဲ့ (KPYO) နှင့် လွယ်မောပအိုဝ်းလူငယ်ကွန်ရက် (LPYN) တို့ ပူးပေါင်းပြီး အစားအသောက် လိုအပ်သည့်နေရာများကို သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

.

.

“အောင်ပန်း၊ ကလော၊ နောင်တရားဘက်က ထွက်တဲ့ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်တွေက တောင်သူတွေ ခူးပြီး ရောင်းလို့ မရကြဘူး။ ဒီလိုတွေ စွန့်ပစ်နေမယ့်အစား လိုအပ်နေတဲ့သူတွေကို လှူမယ်ဆိုပြီးတော့ ကျွန်တော်တို့ကို ချိတ်ဆက် လာတာ ဖြစ်ပါတယ်” ဟု ကလောမြို့နယ် ပအိုဝ်းလူငယ်အဖွဲ့ (KPYO) မှ ခွန်ထွိုက်ခမ်းက ပြောသည်။

.

ကလောမြို့နယ်ပအိုဝ်းလူငယ်အဖွဲ့ (KPYO) နှင့် လွယ်မောပအိုဝ်းလူငယ်ကွန်ရက် (LPYN) တို့အနေဖြင့် ဟဲဟိုးမြို့ရှိ Quarantine Center နှင့် သထုံမြို့သို့ လှူဒါန်းထားပြီးဖြစ်ကာ ဆီဆိုင်မြို့နယ်တွင် ဆက်လက်လှူဒါန်းသွားရန် ရှိနေ ကြောင်း သိရသည်။

.

ထိုသို့ လှူဒါန်းရန်အတွက် လိုအပ်သည့် သယ်ယူရေးစရိတ်ကို အလှူခံပြီး ခြံရှင်မှတစ်ဆင့် လိုအပ်နေသူများကို လိုက်လံ လှူဒါန်းပေးနေခြင်းဖြစ်ကာ COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် လှူဒါန်းပေးနေသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ခွန်ထွိုက်ခမ်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ ကူညီစိတ်ရှိလို့ အရမ်းလိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

.

အစားအသောက်များကို အမှန်တကယ် လိုအပ်နေသူများထံ အရောက် လှူဒါန်းပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် သယ်ယူ ပို့ဆောင်ရေးစရိတ်အတွက် ကားဆီဖိုးများ လှူဒါန်းလိုပါက ကလောမြို့နယ် ပအိုဝ်းလူငယ်အဖွဲ့နှင့် လွယ်မော ပအိုဝ်းလူငယ်ကွန်ရက်တို့ထံသို့ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats