နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၇ ဦးအား တောင်ကြီးမြို့မှတစ်ဆင့် နေရပ်သို့ ဆက်လက်ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၇ ဦးအား တောင်ကြီးမြို့မှတစ်ဆင့် နေရပ်သို့ ဆက်လက်ပို့ဆောင်

.

လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃၆၇ ဦးတို့အား ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ TBC ကားဝင်းတွင် လက်ခံဆောင်ရွက်ပြီး နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ တောင်ကြီးမြို့သို့ ရောက်ရှိလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၃၉ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၃၆၇ ဦးကို တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့မှ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center) တောင်ကြီးစီးပွားရေးဇုန်၊ ကားကြီးကွင်းတွင် ကြိုဆိုခဲ့ကြပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာ ခြင်းများ ဆောင်ရွက်ပေးကာ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ စီစဉ်ပေးရာတွင် ရပ်စောက်မြို့မှ ရွှေ့ပြောင်း အလုပ်သမားများကို ယာဉ်ငယ်လိုင်း ၂ စီးဖြင့်လည်းကောင်း၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့နှင့်ကယားပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများကိုယာဉ်ငယ်လိုင်း ၁ စီး ဖြင့်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမားများကို ခရီးသည်တင် မော်တော်ယာဉ်လိုင်းကား ၉ စီးဖြင့်လည်းကောင်း ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats