.
လားရှိုးမြို့မဈေး အပါအဝင် အောင်မင်္ဂလာဈေးနှင့်
လားရှိုးကြီးဈေးများမှ ဈေးဆိုင်ခန်းအချို့ကို COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂ ရက်သာ
ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီးနောက် ဩဂုတ်လ ၃ ရက်တွင် ဈေးဆိုင် ဖွင့်လှစ်
ရောင်းချခွင့် ပြန်ပိတ်လိုက်ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှုန်း အခြေအနေအရ အဆိုပါ ဈေးများရှိ အဓိက
စားသောက်ကုန်များ ဖြစ်သည့် ဆန်ဆိုင်နှင့် သား/ငါး အရောင်းဆိုင်များ၊ ဆေးဝါး
အရောင်းဆိုင်များကို ဩဂုတ်လ ၁ ရက်မှ ၂ ရက်အထိ ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ပြီး
ဩဂုတ်လ ၃ ရက်တွင် ပြန်လည် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
.
Stay at Home ကြေညာထားသည့်
လားရှိုးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်က COVID-19 ရောဂါ ကူးစက်ခံရသူ ၆၄ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် ရောဂါ
ကူးစက်ခံရသူ စုစုပေါင်း ၁၈၉၂ ဦး ရှိလာပြီ ဖြစ်ပြီး ယင်းတို့အနက် ၁၃၂၆ ဦးမှာ
ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့် ရခဲ့ကာ ၉၆ ဦး သေဆုံး၍ ကျန်လူနာများအား
လားရှိုးပြည်သူ့ဆေးရုံနှင့် လားရှိုးပညာရေးဒီဂရီ ကောလိပ် ကုသရေး စင်တာများတွင်
စောင့်ကြည့်ကုသ ပေးလျက် ရှိကြောင်း သိရသည်။
.
လင်းလင်း (လားရှိုး)
.