လာအိုနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၄၅၇ ဦးကို တောင်ကြီးမြို့မှ တဆင့် ၎င်းတို့နေထိုင်ရာ နေရပ်ဒေသအသီးသီးသို့ ယမန်နေ့ ဩဂုတ်လ ၂၆ ရက်၊ နေ့လယ်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ရွှေ့ပြောင်းလုပ်သား ကျား ၃၂၁ ဦး၊ မ ၁၃၆ ဦး၊ စုစုပေါင်း ၄၅၇ ဦးတို့သည် မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ရာ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ကြိုဆိုပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ထမင်းထုပ်နှင့် ရေသန့်ဗူး ပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
.
ယင်းနောက် နေရပ်ပြန် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများကို နေရပ်ဒေသ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
#KBZTai #Shan #Taunggyi #News