.
ထိုင်းနိုင်ငံမှ စေတနာရှင်များက
မယ်ဆိုင်မြို့ရှိ လူမှုကူညီရေးအသင်းထံသို့ လှူဒါန်းထားသော ခေါင်းတလား အလုံးရေ ၂၁၀ ကို
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ လူမှုကူညီရေးအသင်းများတွင် အသုံးပြုနိုင်ရန် အတွက် ယမန်နေ့
ဩဂုတ်လ ၁၄ ရက်က တာချီလိတ်မြို့သို့ ပေးပို့ထားကြောင်း သိရသည်။
.
အဆိုပါ ခေါင်းတလားများကို
မယ်ဆိုင် - တာချီလိတ် နယ်စပ်ဖြတ်ကျော်သယ်ဆောင်ရေးအတွက် မယ်ဆိုင်မြို့ရှိ
လွယ်ဝေါင်း(ဦးအောင်ဇေယျ) ကျောင်းထိုင်ဆရာတော်၊ မြန်မာ - ထိုင်းနယ်ခြားကော်မတီ
အကူအညီဖြင့် သက်ဆိုင်ရာဌာနများထံ ခွင့်ပြုချက်ရယူ၍ တာချီလိတ်မြို့ရှိ ပါလျှံတရုတ်ဘုံကျောင်းသို့ ပို့ဆောင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ခေါင်းတလားများအား
ကျိုင်းတုံ၊ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းလပ်နှင့် မိုင်းယောင်းမြို့မျးမှ
လူမှုကူညီရေး အသင်းများတွင် အသံးပြုနိုင်ရန်အတွက် မယ်ဆိုင်အခြေစိုက် လူမှုကရုဏာ ကူညီရေးအသင်း
(မယ်ဆိုင်) က တစ်ဆင့် လှူဒါန်း ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံမှ ပြည်သူများ
လှူဒါန်းသည့် ခေါင်းတလားများကို မယ်ဆိုင်အခြေစိုက် လူမှုကရုဏာကူညီရေးအသင်း (မယ်ဆိုင်)
က ရှ၎်းပြည်နယ်အရှေ့ပိုင်းဒေသရှိ လူမှုကူညီရေးအသင်းများထံ မကြာခဏ ပေးပို့လှူဒါန်းလေ့ရှိကြောင်း
သိရသည်။
.
.
ဓါတ်ပုံ - လူမှုကရုဏာ လူမှုကူညီရေးအသင်း(မယ်ဆိုင်)
.