လာအိုပြန် မြန်မာနိုင်ငံသားများကို တောင်ကြီးမှ တဆင့် ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လာအိုပြန် မြန်မာနိုင်ငံသားများကို တောင်ကြီးမှ တဆင့် ဒေသ အသီးသီးသို့ ပြန်လည် ပို့ဆောင်

လာအိုနိုင်ငံမှ ပြန်လာကြသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၇၀ ဦး တို့ကို တောင်ကြီးမြို့မှ တဆင့် ၎င်းတို့ နေထိုင်ရာ နေရပ် အသီးသီးသို့ ဩဂုတ်လ ၃ ရက်၊ ညနေပိုင်းက ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

.
အဆိုပါ နေရပ်ပြန်များသည် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းသို့ ဩဂုတ်လ ၁ ရက်က လည်းကောင်း၊ ဩဂုတ်လ ၃ ရက်တွင် တောင်ကြီးမြို့၊ TBC ကားဝန်းသို့ လည်းကောင်း ရောက်ရှိပြီး‌နောက် နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်လည် ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်ကာ ၎င်းတို့အား တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ထမင်းထုပ်နှင့် ရေသန့်ဗူး ပေးဝေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.



နေရပ်ပြန်များမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

Journal Download

Photo of three cats