.
တာချီလိတ်မြို့နယ်တွင်
ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး
များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်က
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါဟိုခိုကျေးရွာရှိ အိုက်ကွမ်း (ခ) အိုက်လာ၏
ဂိုဒေါင်အား သတင်းအရရှာဖွေရာ အိုက်ကျိုင်း၊ စိုင်းအင်တို့နှင့်အတူ
ဂိုဒေါင်အတွင်းမှ ဒေသကာလတန်ဖိုးငွေ ၂ ဒသမ ၁၃ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ
ဘလောက်တုံး ၄၀၀၊ အလေးချိန် ၁၄၀ ကီလို၊ အိုက်စ် ၁ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား
၁၀၀၀၀ နှင့် အမ် ၁၆ သေနတ် ၁ လက်၊ ၁၂ ဗို့သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ်
၃ ခု၊ ကျည်မျိုးစုံ ၁၂၃ တောင့်၊ ထော်လာဂျီယာဉ် ၂ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး အိုက်ကွမ်း(ခ)အိုက်လာ
နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာရှိ နေအိမ်အား ယင်းနေ့
နံနက် ၇ နာရီအချိန်ခန့်တွင် ဆက်လက်ရှာဖွေရာ အဆိုပါနေအိမ်မှ မော်တော်ယာဉ် ၃ စီး
ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးနှင့်
လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားပြီး
ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Tachileik
.