တောင်ကြီးတွင် စားသောက်ကုန် ၁၄ မျိုးကို ကျပ် ၃၀၀ ဖြင့် ရောင်းချ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စားသောက်ကုန် ၁၄ မျိုးကို ကျပ် ၃၀၀ ဖြင့် ရောင်းချ လှူဒါန်း


တောင်ကြီးမြို့၊ ရွှေဝောာင်ရပ်ကွက်၌ ဒေါ်နန်းဦး (ခ) မဦး ဦးဆောင်သော စေတနာရှင်များက အခြေခံ စားသောက်ကုန် ၁၄ မျိုးကို ငွေကျပ် ၃၀၀ ဖြင့် ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ရောင်းချ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ငွေကျပ် ၃၀၀ ဖြင့် လှူဒါန်းရောင်းချ‌သော စားသောက်ကုန်များတွင် ဆန် ၁ ပြည်၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ကြက်သွန်ဖြူ ၂၅ ကျပ်သား၊ ခရမ်းချဉ်သီး ၅၀ ကျပ်သား၊ အာလူး ၁ ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ဆီ၂၅ ကျပ်သား၊ မုန်လာထုပ် ၁ ထုပ်၊ ဆား ၁ ထုပ်၊ မျှစ်ချဉ် ၁ ထုပ်၊ မြင်းခွာရွက် ၁ ထုပ်၊ ဆူကာရွက် ၁ ထုပ်၊ ချဉ်ပေါင်ရွက် ၁ ထုပ်နှင့် ဆပ်ပြာမှုန့် ၁ ထုပ်တို့ ပါဝင်ကြောင်း သိရသည်။

.


" စုစုပေါင်း ၁၄ မျိုးကို ငွေကျပ် ၃၀၀ နဲ့ ရောင်းချပေးခဲ့ပါတယ် ခင်ဗျာ။ နောက်ထပ်လည်း တစ်ရပ်ကွက်ချင်းစီ အလိုက် လှူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ရလာတဲ့ အလှူငွေတွေကိုလည်း နောက်တစ်ကြိမ် လှူမယ့်အထဲမှာ ထည့်သွားပေးမှာပါ။" ဟု လှူဒါန်းမှုတွင် ပါဝင်သူ ကိုအောင်မျိုးဝင်းက ပြောသည်။

.

ဒေါ်နန်းဦး (ခ) မဦး ဦးဆောင်သော စေတနာရှင်များ၏ ယခု လှူဒါန်း ရောင်းချမှုမှာ ဒုတိယအကြိမ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပြီး တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်မှ အိမ်ထောင်စု ၂၃၀ အတွက် ရောင်းချ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats