.
တောင်ကြီးမြို့တွင်
ယနေ့ ဩဂုတ်လ ၆ ရက်က အပြင်ထွက်သွားလာခွင့်ကတ်ပြား မပါရှိဘဲ သွားလာနေသူ ၁၆ ဦးကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း
တောင်ကြီးမြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
.
COVID-19 ရောဂါ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေသည့်အတွက်
တောင်ကြီးမြို့နယ်ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
.
Stay at Home သတ်မှတ်ထားသည့်အတွက်
ပြည်သူများအနေဖြင့် မဖြစ်မနေ ဈေးဝယ်ထွက်ရန် အတွက် တစ်အိမ်လျှင် တစ်ဦးသာ
သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် ရှိပါက တစ်အိမ် လျှင် ၂ ဦးသာ
သွားရောက်ရန်၊ နေအိမ်ပြင်သို့ ထွက်ခွာလျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာ
သည့်ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန် သတ်မှတ်ထားပြီး မဖြစ်မနေ နေအိမ်အပြင်သို့
သွားလာ သူများကိုလည်း ယာယီသွားလာခွင့်ကတ်ပြား ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
.