အများပြည်သူ အလုပ်ပိတ်ရက်ကို ဩဂုတ် လကုန်အထိ တိုးမြှင့် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အများပြည်သူ အလုပ်ပိတ်ရက်ကို ဩဂုတ် လကုန်အထိ တိုးမြှင့် သတ်မှတ်


COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို ပိုမို ထိရောက်‌အောင် ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ်လ ၂၃ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက် တိုးမြှင့်သတ်မှတ်ကြောင်း ယနေ့ ဩဂုတ်လ ၂၀ ရက်၊ ညပိုင်းတွင် ထပ်မံကြေညာခဲ့သည်။

.

အဆိုပါ ရုံးပိတ်ရက် သတ်မှတ်ချက်တွင် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ မပါဝင်ကြောင်း ဖော်ပြထားသည်။

.

ယခင်ကလည်း တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ကို ၅ ကြိမ်ထိ သတ်မှတ်ခဲ့ပြီးနောက် ယခုတွင် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။



ထို့အပြင် ပုဂ္ဂလိက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ အပါအဝင် အခြေခံပညာ စာသင်ကျောင်းများ အားလုံးကိုလည်း ဩဂုတ် ၃၁ ရက်အထိ ပိတ်ထားရန် ကြေညာချက် ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats