မူဆယ်ခရိုင်၊ ပန်ဆိုင်းနှင့် နမ့်ဟူးကြား၌ ဩဂုတ်လ ၃၀ ရက်တွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းက ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် သတင်း ထုတ်ပြန်လာသည်။
.
မုံးကိုးဒေသဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကို MNDAA က ပန်ဆိုင်းနှင့် နမ့်ဟူးကြားတွင် ကြားဖြတ် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မုံးကိုးမြို့၊ မန်ခွမ်နှင့် မန်ပိန်းကြားတွင် ဩဂုတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ခု အတွင်း လက်နက်ခဲယမ်း များစွာကို သိမ်းဆည်းရမိခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။
[ Photo - The Kokang ]