.
COVID-19 ရောဂါ
ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ လင်းခေးမြို့နေ ပြည်သူများ အနေဖြင့်
နမ့်တိန်းချောင်းအတွင်းသို့ လူစုလူဝေးဖြင့် ရေးဆင်းချိုးခြင်းမပြုရန် တားမြစ်ထားကြောင်း
သိရသည်။
.
လင်းခေးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဩဂုတ်လ ၁ ရက် အစည်းအဝေး ညှိနှိုင်းဆုံးဖြတ်ချက်အရ ယင်းကဲ့သို့
တားမြစ်ခဲ့ခြင်းဖြစ်ပြီး တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရေးဥပဒေအရ
အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
လင်းခေးမြို့နယ်တွင်
ဇူလိုင်လ ၁၉ ရက်မှ ယမန်နေ့ ဩဂုတ်လ ၂ ရက်အထိ COVID-19 အတည်ပြုလူနာ ၁၃၀ ဦး တွေ့ရှိခဲ့ရာ ယင်းတို့အနက် ၄၃ ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီး
လက်ရှိ ကုသဆဲလူနာ ၈၇ ဦး ကျန်ရှိကြောင်း သိရသည်။
.
လင်းခေးမြို့နယ်အတွင်းမှ
COVID-19 လူနာများနှင့် ထိတွေ့ဆက်စပ်သူ
၂၂ ဦးတို့ကို ဩဂုတ်လ ၁ ရက်က ဆက်လက် စစ်ဆေးပေးခဲ့ရာ ပိုးတွေ့သူ ၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး
အတည်ပြုလူနာ စုစုပေါင်း ၁၃၀ ဦး အထိ ရှိလာခြင်းဖြစ်သည်။
.
အဆိုပါ ပိုးတွေ့လူနာများအနက်
ဇူလိုင်လ ၃၀ ရက်တွင် ၂၅ ဦး၊ ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ၁၈ ဦး ဆေးရုံမှ ဆင်းခွင့်ရသဖြင့်
စုစုပေါင်း ဆေးရုံဆင်းခွင့်ရလူနာ ၄၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
.
ဆေးရုံဆင်းလူနာများအနေဖြင့်
Stay Home ၇ ရက် ထပ်မံနေထိုင်ရန်၊
သတ်မှတ်ရက် မတိုင်မီ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန်နှင့် မလိုက်နာပါက Positive
Center တွင် ၁၄ ရက် ထပ်မံဝင်ရောက်ရမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးနှင့်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့မှ အသိပေးထားကြောင်း သိရသည်။
.
အယ်လ်စိုင်း (လင်းခေး)
.