.
တောင်ကြီးမြို့၊ ချမ်းမြသာစည်လူငယ်အဖွဲ့မှ
အေးသာယာမြို့ရှိ အမှန်တကယ် အခက်အခဲဖြစ်နေသော အိမ်ထောင်စု ၁၅၀ သို့ ယနေ့ ဩဂုတ်လ ၂၁ ရက်က
အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင်
အေးသာယာဆည်အနီးဝန်းကျင်ရှိ အမှန်တကယ် အခက်အခဲဖြစ်နေသော အိမ်ထောင်စု များသို့ ဆန်၊ ဆီ၊
ကုလားပဲ၊ အာလူး၊ ဂေါ်ဖီ၊ ကြက်သွန်၊ ခရမ်းချဉ် စသည့် အခြေခံစားသောက်ကုန် ၈ မျိုးတို့ကို
အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုလို လှူဒါန်းဖြစ်တဲ့
ရည်ရွယ်ချက်ကတော့ နေရာတိုင်းမှာ တစ်ပိုင်တစ်နိုင် ပရဟိတအဖွဲ့တွေ အများအပြား ပေါ်ပေါက်လာစေချင်တယ်။
ဒုက္ခရောက်တဲ့သူတွေကို အကူအညီဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပါ” ဟု ချမ်းမြလူငယ် အဖွဲ့မှ
တာဝန်ရှိသူက ပြောသည်။
.
တောင်ကြီးမြို့ပေါ်
ရပ်ကွက် ၂၂ ရပ်ကွက် အပြင် အေးသာယာမြို့နှင့် ရွှေညောင်မြို့ပေါ် ရပ်ကွက်များတွင်လည်း
စားသောက်ရေး ခက်ခဲကာ အကူအညီ လိုအပ်နေသည့် ပြည်သူများ ရှိနေကာ ဒေသခံ
ပရဟိတအဖွဲ့များနှင့် စေတနာရှင်များက တတ်စွမ်းသမျှ လှူဒါန်းမှုများ
ပြုလုပ်နေကြခြင်း ဖြစ်သည်။
.