သီပေါမြို့နယ်၊ နမ့်လန်ဒေသ၌ ရှမ်း တိုင်းရင်းသား လက်နက်ကိုင်တပ် ၂ တပ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ အများအပြား ထွက်ပြေးနေရကြောင်း သိရသည်။
.
ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် RCSS နှင့် SSPP တို့သည် ခိုင်းဆင်၊ ခိုင်းအန်၊ မန်ကောင်း၊ ကုန်းဆာ၊ ကောင်းဟတ်နှင့် ကုန်းကော်ကျေးရွာ အနီးတို့တွင် သြဂုတ်လ ၂၃ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများသည် COVID-19 ကပ်ဘေးကြားမှ နမ့်လန်ဒေသ ကုံးကော်ဘုန်းကြီးကျောင်းတွင် ၅၀၀ ဦးကျော်၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်လန့်ဘုန်းကြီးကျောင်းတွင် ၁၀၀ ဦးကျော် စစ်ဘေးရှောင် နေကြရကြောင်း သိရသည်။