.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အိမ်ခြေ ၁၃၅ အိမ်တို့အား
Ko Kyaw Paint Group လူငယ်အဖွဲ့က ယနေ့ ဩဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဆန်နှင့် စားသောက်ကုန်များ
သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်၊။
.
.
ထိုသို့ လှူဒါန်းရာတွင် အေးသာယာမြို့နှင့် စက်မှုဇုန်ရှိ အမှန်တကယ်
ခက်ခဲနေသော အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် အသီးအရွက်တို့ကို အိမ်တိုင်ရာရောက်
လိုက်လံဝေငှ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ပိုသူလှူ၊ လိုသူယူ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းဖြစ်တာပါ။ ခက်ခဲနေတဲ့သူတွေကတော့
အများကြီးပါပဲ။ လက်လှမ်း မီသလောက် ဝေငှလှူဒါန်းခဲ့ပါတယ်” ဟု သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက
ပြောသည်၊။
.
Ko Kyaw Paint Group လူငယ်များအဖွဲ့အနေဖြင့် တောင်ကြီးမြို့နယ်အတွင်း
အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ဆန်နှင့် စားနပ်ရိက္ခာများကို ၅ ကြိမ်တိတိ လှူဒါန်းပေးခဲ့ပြီးဖြစ်ကာ
ယခုတစ်ကြိမ်မှာ ဆဋ္ဌမအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi
.