တောင်တန်းဒေသ မျိုးဆက်သစ်လူငယ် အသင်းက ကွတ်ခိုင်မြို့နယ် နမ့်ခုံးရွာတွင် စားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်တန်းဒေသ မျိုးဆက်သစ်လူငယ် အသင်းက ကွတ်ခိုင်မြို့နယ် နမ့်ခုံးရွာတွင် စားသောက်ကုန်များ လှူဒါန်း


ကွတ်ခိုင်မြို့နယ်၊ နမ့်ခုံးကျေးရွာရှိ ပြည်သူများအား နမ့်ဖတ်ကာမှ တောင်တန်းဒေသ မျိုးဆက်သစ် လူငယ်အသင်းက စားသောက်ကုန်များ သွားရောက် လှူဒါန်း ကူညီပေးခဲ့ကြောင်း သိရသည်။

နမ့်ခုံးကျေးရွာရှိ အိမ်ခြေ ၆၂ အိမ်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲနှင့် အသားတုများကို ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်မှ စတင်၍ နမ့်ခုံးကျေးရွာကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ၁၅ ရက်ကြာ Lockdown သတ်မှတ်ထားကြောင်း သိရသည်။

[ ဓါတ်ပုံ- တောင်တန်းဒေသ မျိုးဆက်သစ် လူငယ် အသင်း ]

Journal Download

Photo of three cats