မောက်မယ်​ဒေသထွက် ရှောက်ချိုသီးများ စတင် ရောင်းချပြီ ဖြစ်သော်လည်း ဈေးကျဆင်းမှုနှင့် ကြုံတွေ့နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်​ဒေသထွက် ရှောက်ချိုသီးများ စတင် ရောင်းချပြီ ဖြစ်သော်လည်း ဈေးကျဆင်းမှုနှင့် ကြုံတွေ့နေရ

မောက်မယ်မြို့နယ်၏ ဒေသထွက်ကုန် တစ်ခု ဖြစ်သော ရှောက်ချိုသီးများ စတင်ထွက်ရှိပြီ ဖြစ်ရာ စျေးကွက်သို့ တင်ပို့ရောင်းချနေပြီ ဖြစ်သော်လည်း ဈေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
.
မောက်မယ်စျေးကွက်တွင် ရှောက်ချိုသီး အလုံးကြီး တစ်လုံးလျှင် ၄၀၀ ကျပ်၊ အလုံးလတ် တစ်လုံးလျှင် ၃၅၀ ကျပ်၊ အလုံးငယ် တစ်လုံးလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချ‌နေကာ COVID-19 ကူးစက်ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ယခင်နှစ်ထက် ရှောက်ချိုသီး တစ်လုံးလျှင် ၂၀၀ ကျပ်နှုန်းခန့် စျေးနှုန်းကျဆင်း‌နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒေသထွက် ရှောက်ချိုသီးများကို တောင်ကြီးမြို့သို့ မော်တော်ယာဉ်ဖြင့် တင်ပို့ ရောင်းချ‌ နေရသဖြင့် ဝယ်ယူသူ ရှိသည့်အတွက် ယခင်နှစ်များကဲ့သို့ ဈေး မရ‌သော်လည်း အခက်အခဲ မရှိကြောင်း ရှောက်ချိုစိုက် တောင်သူများက ပြောသည်။
.


မောက်မယ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စု၊ ဖာဟင်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဝမ်နားကျေးရွာနှင့် ကဒူးလေးကျေးရွာများ ဝန်းကျင်ရှိ တောင်ခြေတောင်စောင်းများတွင် ရှောက်ချိုသီးကို အများဆုံး စိုက်ပျိုးကြပြီး ရှောက်ချိုသီးပင်နှင့် ကိုက်ညီသော ရာသီဥတု၊ မြေအနေအထားကြောင့် သဘာဝအတိုင်းသာ စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိသည်။
.
ထို့အတူ ရှောက်ချိုသီး အပြင် လိမ္မော်၊ သံပုရာများကိုပါ ဒေသခံတောင်သူများက ရေ ကောင်းစွာ ရရှိသော ခြံများတွင် ပိုမို စိုက်ပျိုးလာကြကြောင်း သိရသည်။
.
◾စိုင်းမျိုးသန့်(မောက်မယ်)
.
#KBZTai #Shan  #Maukmal

Journal Download

Photo of three cats