.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊
အရှေ့မြို့ပတ်လမ်းရှိ TGI Bar အနီးတွင် ယနေ့ ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို
တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
“မနက် ၇ နာရီလောက်မှာ
တွေ့တာပါ။ သေဆုံးသူက အသက် ၆၀ လောက်ရှိပါပြီ။ သစ်တောရပ်ကွက်ထဲကပါပဲ။ လောလောဆယ် စစ်ဆေးမှုအရတော့
Positive ထွက်ပါတယ်” ဟု သစ်တောရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် ယင်းအမျိုးသား
သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် စစ်ဆေး လျက်ရှိကြောင်း
သိရသည်။
.