ကျိုင်းလပ်မြို့၌ ကြက်မောက်သီးအရောင်းအဝယ် အေး၍ တောင်သူများ အခက်တွေ့. - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းလပ်မြို့၌ ကြက်မောက်သီးအရောင်းအဝယ် အေး၍ တောင်သူများ အခက်တွေ့.

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် တောင်ယာခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် ကြက်မောက်ပင်များမှာ ယခင်နှစ်ထက် အသီး ပိုသီးသော်လည်း COVID-19 ကြောင့် အရောင်းအဝယ် အဆင်မပြေ ဖြစ်ကာ တောင်သူများ အခက်တွေ့ နေရကြောင်း သိရသည်။
.
“ အရင်နှစ်တွေက အနီးနား ရွာတွေမှာ လိုက်ရောင်းလို့ရတော့ အဆင်ပြေတယ်။ ဒီနှစ်မှာ အသီးက ပိုသီးပေမယ့် ကိုဗစ်ကာလဆိုတော့ ရွာတွေကလည်း အဝင်မခံတော့ ရောင်း မကောင်းဘူး။” ဟု ကြက်မောက်ခြံ လုပ်ကိုင်နေသူ အိုက်ပီးက ပြောသည်။
.
ကျိုင်းလပ်မြို့ပေါ်ရှိ တောင်သူများ အနေဖြင့် ကြက်မောက်သီးကို တစ်ပိုင်တစ်နိုင် အဖြစ်တောင်ယာခြံများ၊ နေအိမ်ခြံဝန်းများတွင် စိုက်ပျိုးထားကြပြီး တစ်ကီလိုလျှင် ဘတ် ၂၀ (ကျပ် တစ်ထောင်) ဖြင့် ရောင်းချကြောင်း သိရသည်။
.
ကျိုင်းလပ်မြို့တွင် ကြက်မောက်သီးအပြင် သရက်သီး၊ နှင်းသီး စသည့် သီးနှံပင်များကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြခြင်း ဖြစ်ပြီး COVID-19 ကာလ အတွင်း အရောင်းအဝယ် အေး‌‌ကာ အခက်တွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
◾ဖြူဖြူဝင်း
.
#KBZTai #Shan #Kyainglat

Journal Download

Photo of three cats