တောင်ကြီးမြို့ပေါ်ရှိ စားသောက်ရေး ခက်ခဲနေသူ ပြည်သူများအား မြို့ပေါ်နေ လူငယ်များက စားသောက်ကုန်နှင့် ဆေးဝါးများကို ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လူငယ်များသည် ပထမအကြိမ် အဖြစ် ဩဂုတ်လ ၁ ရက်က လည်းကောင်း ဒုတိယအကြိမ် အဖြစ် ဩဂုတ်လ ၆ ရက်က လည်းကောင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ယခုမှာ တတိယအကြိမ် အဖြစ် လှူဒါန်းခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့ပေါ်ရှိ အမှန်တကယ် စားသောက်ရေး ခက်ခဲနေသည့် အိမ်ထောင်စု ၁၅ ခုအတွက် ဆန်၊ ဆီ၊ ပေါင်မုန့်၊ ကြက်ဥ၊ ဆေးနှင့် Mask များကို လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။