လာအိုပြန် မြန်မာအလုပ်သမားများအား တောင်ကြီးမှ တဆင့် နေရပ်ဒေသ အသီးသီးသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လာအိုပြန် မြန်မာအလုပ်သမားများအား တောင်ကြီးမှ တဆင့် နေရပ်ဒေသ အသီးသီးသို့ ပို့ဆောင်

လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၃၁၄ ဦးသည် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ဩဂုတ်လ ၁၅ ရက်တွင် ရောက်ရှိလာခဲ့ရာ တောင်ကြီးမြို့မှ တဆင့် နေရပ်ဒေသ အသီးသီးသို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမားများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊  ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်။

.

သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့မှ နေရပ်ပြန်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ စားစရာများ ဝေငှခြင်း၊ လမ်းစရိတ်နှင့် စားစရိတ်များ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လ ၁၃  ရက်ကလည်း လာအိုပြန် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂၈၁ ဦးကို နေရပ်ဒေသ အသီးသီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats