.
ကလောမြိူ့နယ်၊ အောင်ပန်းမြို့၊
ညောင်ပင်ထောင်ရပ်ကွက်တွင် Stay at Home
ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော အိမ်ထောင်စု ၃၀၀ စုတို့အား ယနေ့
ဩဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းက ရပ်ကွက်နေ စေတနာရှင် အလှူရှင်များမှ ဆန်နှင့် အခြေခံစားသောက်ကုန်များ
ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ ထောက်ပံ့ရာတွင်
အိမ်ထောင်စု တစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆားတစ်ထုပ်၊ ဆပ်ပြာဆီ တစ်ဘူး၊ ကြက်ဥ
၁၀ လုံးတို့ကို COVID-19 စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ လှူဒါန်းမှုကို
အောင်ပန်းမြို့နေ ရပ်မိရပ်ဖများနှင့် စေတနာရှင်၊ အလှူရှင်များ၏ ဝိုင်းဝန်းလှူဒါန်းမှုဖြင့်
ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၄ သိန်းခန့်ရှိကြောင်း သိရသည်။
.