သီပေါမြို့နယ်အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
.
သီပေါမြို့နယ် နမ့်လန်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ လွယ်လုံကျေးရွာအနီးတွင် RCSS နှင့် SSPP တို့အကြား ဩဂုတ်လ ၁၁ ရက်၊ နံနက်က တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော်သည် ကောင်းကော်ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိမ်းရှောင်နေရသူများတွင် မွေးကင်းစကလေးငယ် အပါအဝင် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရသည်။