တာချီလိတ်မြို့တွင် ယမန်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် တောင်ကျရေနှင့်အတူ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းမကြီးပေါ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသလို မြို့တွင်း မယ်ဆိုင်ချောင်းနှင့် နီးသည့် တာလော့ရပ်ကွက်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းမကြီးပေါ်မှတဆင့် ဘုရင့်နောင်ဈေးအတွင်းသို့အထိ ရေဝင်ရောက်မှုများဖြစ်ပေါ်ပြီး ရေနှင့်အတူ ရွှံ့များလည်း ပါလာကြောင်း သိရသည်။