မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ ၁၅ ၇က်အတွင်း မြန်မာလုပ်သား ၄၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ ၁၅ ၇က်အတွင်း မြန်မာလုပ်သား ၄၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာ

.

မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ၁၅ ရက်အတွင်း မြန်မာလုပ်သား ၄၀၀၀ ကျော် ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

.

.

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ တတိယလှိုင်း ဖြစ်ပွားချိန်၌ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပိတ်ထားခဲ့ပြီး ဇူလိုင်လ ၂၆ ရက်မှ စတင်၍ တရုတ်နိုင်ငံ၊ ရွှေလီနှင့် ကျယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် နန်းတော်ဂိတ်ပေါက်မှ နေ့စဉ် ပြန်လည်ဝင်ရောက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်လည်း COVID-19 ပိုးတွေ့လူနာများ ထပ်မံတွေ့ရှိသည့်အတွက် ဩဂုတ်လ ၃ ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ Lockdown ပြုလုပ်ထားကြောင်း သိရသည်။

.

နန်းတော်ဝင်ပေါက်မှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားများမှာ ဇူလိုင်လ ၂၆ ရက်မှ ၃၁ ရက်အထိ ၁၃၀၀ ခန့် ရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့အထိ ၃၀၀၀ ကျော် ထပ်မံဝင်ရောက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats