.
စစ်ကောင်စီ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)ကို
အိမ်စောင့်အစိုးရအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းကြောင်း ယနေ့ ဩဂုတ်လ ၁ ရက်တွင်
ကြေညာခဲ့သည်။
.
.စစ်ကောင်စီက
ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ
နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူလျှင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေး ကော်မတီကို ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းသည်ဟု အမိန့်စာတွင်
ဖော်ပြထားသည်။
.
အဆိုပါ
အိမ်စောင့်အစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်
စစ်ကောင်စီဥက္ကဋ္ဌကလည်းကောင်း၊ ဒုတိယ ဝန်ကြီးချုပ် အဖြစ် စစ်ကောင်စီ
ဒုတိယဥက္ကဋ္ဌကလည်းကောင်း တာဝန်ယူမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေချုပ်နှင့် အိမ်စောင့်အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်တို့
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အဖြစ် ဖွဲ့စည်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
.
.
ပြီးခဲ့သည့် ၂၀၂၀
ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကို မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁
ရက်တွင် နိုင်ငံတော် အာဏာအား ရယူခဲ့ခြင်းဖြစ်သည်။
.