သီပေါမြို့နယ်ရှိ စစ်ရှောင်နှင့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်ရှိ စစ်ရှောင်နှင့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း


သီပေါမြို့နယ်ရှိ စစ်ရှောင်နှင့် ဒေသခံ ပြည်သူများအား အလှူရှင်ကိုယ်စား မြို့ခံများက ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

.
သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာအုပ်စု၊ ချောင်းဆုံ‌ကျေးရွာမှ စစ်ရှောင်များနှင့် ဟာလျံကျေးရွာ၊  ဆွန်လုံ‌ကျေးရွာရှိ ဒေသခံ ပြည်သူများ အတွက် စားနပ်ရိက္ခာများ၊ အဝတ်အစားများ၊ ဆေးဝါးများကို သွားရောက် ကူညီလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
.
အိမ်ထောင်စု ၁၁၃ စု၊ လူဦးရေ ၄၂၈ ဦးအတွက် ထောက်ပံ့ လှူဒါန်းနိုင်ခဲ့ပြီး MSFF (Japan)မှ ငွေကျပ် ၁၀ သိန်း၊ WFP ၊ မြို့ခံများ အပါအဝင် ရန်ကုန်၊ US မှ စေတနာရှင်များက အဝတ်အစား၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Hsipaw #30August2021
.
[  Source - Shwepheemyay ]

Journal Download

Photo of three cats