.
COVID-19 ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ရုံးပိတ်ရက် တစ်ပတ် ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
.
.
" ရောဂါ ကွင်းဆက်ကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ဖို့ နောက်ထပ် တစ်ပတ် ထပ်မံပြီး ရုံးပိတ် ရက်ရှည် ကြေညာသွားပါမယ်။" ဟု စစ်ကောင်စီ ဥက္ကဌ က ယနေ့ ဩဂုတ်လ ၁ ရက်၊ နံနက်က ပြောဆိုမှုတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ရုံးပိတ်ရက်ရှည် အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့မှုကြောင့် COVID-19 ဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က စတင်၍ ဩဂုတ်လ ၁ ရက်ထိ COVID-19 ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ရုံးပိတ် ရက်ရှည် စစ်ကောင်စီက သတ်မှတ် ကြေညာထားရာ ယခုတွင် တစ်ပတ် ထပ်မံ တိုးမြှင့်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။