တောင်ကြီး၊ အပါအဝင် ၇ မြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၊ အပါအဝင် ၇ မြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန်

.

တောင်ကြီးမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ ၃ မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ၃ မြို့နယ်နှင့် ပြည်ထောင်စု နယ်မြေ အတွင်းမှ မြို့နယ်တစ်ခုတို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ မြို့နယ်များမှာ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူး မြို့နယ်၊ အောင်လံမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။

.

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှု များပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိသဖြင့် အဆိုပါမြို့နယ်များတွင် နေထိုင်သော ပြည်သူများ အနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရန် လိုအပ်ပြီး ယင်းညွှန်ကြားချက်သည် အစိုးရဝန်ထမ်းများ၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများ၊ ရေသန့်လုပ်ငန်း၊ နေ့စဉ် တစ်ကိုယ်ရေသုံး ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန် ထမ်းဆောင်နေသူများ၊ လေကြောင်းလိုင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု အော်ပရေတာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူများအနေဖြင့် မဖြစ်မနေ ဈေးဝယ်ထွက်ရန် အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် ရှိပါက တစ်အိမ် လျှင် ၂ ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်သို့ ထွက်ခွာလျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာ သည့်ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်တို့ကို သတ်မှတ်ထားပြီး ဇူလိုင်လ ၂၆ ရက်၊ နံနက် ၄ နာရီအချိန်တွင် အမိန့် စတင်သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ လားရှိုးမြိုန့ယ် အပါအဝင် မြို့နယ်အချို့ကို Stay at Home အမိန့် ထုတ်ပြန် ထားပြီးဖြစ်ကာ တောင်ကြီးအပါအဝင် မြို့နယ် ၃ ခုတို့ကို ထပ်တိုးထုတ်ပြန်ခြင်း ဖြစ်သည်။

.

Journal Download

Photo of three cats