ညောင်ရွှေမြို့၊ ဝိသုဂကျောင်းတိုက်တွင် Quarantine Center ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့၊ ဝိသုဂကျောင်းတိုက်တွင် Quarantine Center ဖွင့်လှစ်မည်

.

ညောင်ရွှေမြို့ရှိ ဝိသုဂကျောင်းတိုက်တွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မိသူများကို Quarantine ထားရှိကုသ‌မှု ပေးရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း ညောင်ရွှေမြို့နယ်မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

.

.

"အဲဒီမှာ အရန်သင့်ပြင်ထားတယ်။ အခုလက်ရှိကုသပေးနေတဲ့နေရာတွေက ပြည့်တော့မယ်။ ထပ်တိုးလာတဲ့သူတွေကို ထားဖို့ လျာထားတာပေါ့။ မိမိအပါအဝင် မိမိပတ်ဝန်းကျင်ကို ကြိုတင်ကွယ်နိုင်ရေး၊ ကပ်ရောဂါ ထိန်းချုပ်ကာကွယ် လျော့နည်းလာစေရေးအတွက် ပြည်သူတွေအနေနဲ့ အသိတရားနဲ့ သတိထားပြီး ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်"ဟု ညောင်ရွှေမြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ညောင်ရွှေမြို့နယ်အတွင်း လက်ရှိ၌ COVID-19 ပိုးတွေ့လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ နန်းပန်ဆေးရုံ၊ ရွမ တိုက်နယ်ဆေးရုံ၊ စံကားတိုက်နယ်ဆေးရုံ၊ ကေလာကျန်းမာရေးဌာနခွဲတို့တွင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှုနှုန်းမြင့်မားလျက်ရှိနေပြီး ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၂၄ ရက်အထိ ပိုးတွေ့အတည်ပြုလူနာ ၆၇၃ ဦး၊ သေဆုံးလူနာ ၂၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၃၆ ဦး၊ ဆေးကုသမှုခံယူနေသူ ၄၁၃ ဦး ရှိကြောင်း သိရသည်။

.

သို့ဖြစ်၍ ညောင်ရွှေမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းစေရေးအတွက် မိမိအသိစိတ်ဓာတ် ဖြင့် ဇူလိုင်လ ၁၈ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ၁၄ ရက်ကာလ မိမိအိမ်တွင်းနေထိုင်ရေးလှုပ်ရှားမှု ပြုလုပ်လျက်ရှိပြီး ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ကာ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာရပါကလည်း နှာခေါင်းစည်း (Mask)၊ မျက်နှာကာ(Face Shield)တပ်ဆင်၍ သွားရောက်ရမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက အသိပေးနှိုးဆော်ထားသည်။

.

Journal Download

Photo of three cats