တောင်ကြီးတက္ကသိုလ် Positve Center မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမျိုးသမီးသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်က ထွက်ပြေးသွားကြောင်း သိရသည်။
.
![]() |
တောင်ကြီးတက္ကသိုလ် Positve Center (Photo-TGI GAD) |
" လင်းခေးက တစ်ယောက် ထွက်ပြေး သွားတာဗျ။ အခုက ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ၊ လိုက်ပြီး ရှာနေတုန်းပါ။ သူ့အမျိုးသားလည်း လိုက်ပြီး ရှာပေးနေပါတယ်။ ထွက်ပြေးသွားသူ အမျိုးသမီးက Positive အတည်ပြုပါ၊ သူ့အမျိုးသားကတော့ Negative ပါ။" ဟု တောင်ကြီးတက္ကသိုလ် Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
တောင်ကြီးတက္ကသိုလ် Positive Center ၌ လက်ရှိတွင် COVID-19 ပိုးတွေ့ အတည်ပြုထားသူ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၀၀၊ စုစုပေါင်း ၁၉၆ ဦး ရှိကြောင်း ယင်း တာဝန်ရှိသူထံမှ သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19