.
တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့၊ ရွှေညောင်ပရဟိတကွန်ရက်မှ ရွှေညောင်မြို့ပေါ်ရှိ Positive လူနာများနှင့် Lockdown
ချထားသူ ၁၆၀ ဦးတို့ကို ယနေ့ ဇူလိုင်လ ၂၅ ရက်က ဆန်နှင့် စားသောက်ကုန်များ
လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင်
လူတစ်ဦးလျှင် ဆန် ၃ ပြည်၊ ဆီ တစ်ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ တစ်ဘူး၊
Mask တစ်ထုပ်၊ ခေါက်ဆွဲ ၃
ထုပ်၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားစသည့် အခြေခံ စားသောက်ကုန်များအပြင်
ခရမ်းချဉ်သီး၊ ပဲလင်းမြွေသီး၊ နဂါးမောက်သီး၊ နာနတ်သီးများကို လှူဒါန်းပေးခဲ့ကြောင်း
သိရသည်။
.
ရွှေညောင်မြို့ အပါအဝင်ဖြစ်သော
တောင်ကြီးမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်က COVID-19 ပိုးတွေ့လူနာ အသစ် ၁၄၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
Photo – Kyaw Aye
.