ဦးမော်ထွန်းအောင်ကို NUG ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် ခန့်အပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးမော်ထွန်းအောင်ကို NUG ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် ခန့်အပ်

.

ဦးမော်ထွန်းအောင်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် အတည်ပြုခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။

.

.

ဦးမော်ထွန်းအောင်သည် ကချင်တိုင်းရင်းသား တစ်ဦး ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) ကိုယ်စားပြု အဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) တွင် အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ် ခံခဲ့သူ ဖြစ်သည်။

.

ထို့အတူ ဦးမော်ထွန်းအောင်သည် ကွန်ပျူတာသိပ္ပံဘွဲ့၊ လူမှုရေးရာမူဝါဒနှင့် လူမှုဖွံ့ဖြိုးရေး မဟာဝိဇ္ဇာဘွဲ့၊ ပြည်သူ့စီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဘွဲ့တို့ကို ရရှိထားသော အသက် ၃၇ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ကာ SNLD ပါတီတွင် သဘာဝသယံဇာတဆိုင်ရာ အကြံပေး အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

.

Journal Download

Photo of three cats